something is important
Posts
သိက္ခာရှိတာပါ
- Get link
- X
- Other Apps
အမျိုးသမီးကောင်းဆိုသည်မှာ..... သူစိမ်းအမျိုးသားတွေနဲ့ မရောတဲ့ အမျိုးသမီးက မာန ရှိတာ မဟုတ်ပါဘူး..... သိက္ခာ ရှိတာပါ....... သူစိမ်းအမျိုးသားကို အဖက်မလုပ်တတ်တဲ့ အမျိုးသမီးက မာန်တက်နေတာမဟုတ်ပါဘူး... အရှက်ရှိတာပါ...... သူစိမ်းအမျိုးသားတွေကို ရေလာမြောင်းပေးမလုပ်တဲ့ အမျိုးသမီးက ဘဝင်မြင့်နေတာ မဟုတ်ပါဘူး.... အဆင့်အတန်းရှိတာပါ...... သူစိမ်းအမျိုးသားကို မျက်နှာမချို တဲ့ အမျိုးသမီးက အောက်ခြေလွတ်နေတာ မဟုတ်ပါဘူး... အိနြေ္ဒရှိတာပါ....... သူစိမ်းအမျိုးသားတွေနဲ့ ချိုသာစွာစကားမပြောတတ်တဲ့ အမျိုးသမီးက လူမူ့ရေးမရှိတာ မဟုတ်ပါဘူး...... စည်းကမ်းရှိတာပါ...... သူစိမ်းအမျိုးသားနဲ့ ရောထွေးပြောဆိုဖို့ အခွင့်အရေးရှာမနေတဲ့ အမျိုးသမီးက တုံးအေနတာ မဟုတ်ပါဘူး...... အသိဥာဏ်ရှိတာပါ....... သူစိမ်းအမျိုးသားတွေဆီက အခွင့်အရေးမယူ အကူအညီမယူတဲ့ အမျိုးသမီးက ညံ့ဖျင်းနေတာ မဟုတ်ပါဘူး.... ထက်မြက်ပြီး ကိုယ့်ကိုကိုယ် အားကိုးနိုင်တဲ့ အရည်အချင်းရှိလို့ပါ.....
လိုရာခရီး ဆက်လျှောက်ရမာဘဲ
- Get link
- X
- Other Apps
#ဒဏ်ရာတွေများတဲ့ နှလုံးသားကပိုသန်မာပါတယ် ပန်းချင်းတူပေမယ့် ရှင်သန်ပုံခြင်းမတူတဲ့အခါ သဘာဝရဲ့ဒဏ်ကို ခံနိုင်ရည်ရှိခြင်း၊ မရှိခြင်းက ကွာသွားတာပါပဲ။ #အမြင့်ရောက်တာချင်း #တူရင်တောင် အောက်ခြေက တက်လာတာနဲ့ အမြင့်ကို တန်းရောက်သွားတာမတူဘူး ကျသွားတဲ့အခါ အောက်ခြေက စတက်ခဲ့တဲ့လူက ခံနိုင်ရည်တွေ ပိုရှိကြတယ်။ #ဒီလိုပါပဲ #ဘဝမှာ ကိုယ့်ရှိတာလေးနဲ့ အဆင်ပြေနေဖို့ နေတတ်အောင် နေဖို့က အဓိက ကျတယ်။ #မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး မဖြစ်လာသေးတာပဲရှိတာပါ လမ်းတောက်လျှောက်ကတော့ အကောင်းတွေချည်း ဘယ်လာမလဲ လောကဓံက( ၈)ပါးရှိတာပါ အဆိုးနဲ့အကောင်းကတော့ ဒွန်တွဲနေမှာပဲလေ ခံနိုင်ရည် ရှိ အောင်တော့ ကြိုးစားနေထိုင်တတ်ရမှတာပေါ့။ #လူ့ပတ်ဝန်းကျင်ရဲ့ #ရိုက်ခတ်မှုတွေကြောင့်ပဲ ဘဝကြီးက ဘယ်လောက်ဆိုးဆိုး အပြုံးနဲ့တုံ့ပြန်ပြီး ကျနေတဲ့စိတ်ဓာတ်တွေကို အကြိမ်ကြိမ် အခါခါကောက်ရင်း ပိုသန်မာပြလိုက်ပါ။ #အိမ်မှာ #အလှပျိုးတဲ့ပန်းကလေးမဟုတ်တော့ လောကဓံကို ကြံ့ကြံ့ခံနိုင်ရည်ရှိဖို့တော့လိုတာပေါ့ ကိုယ်တိုင်ပျိုး ကိုယ်တိုင်ရေလောင်းပေါင်းသင်းပြီး ကိုယ်တိုင်အလှဆုံးပန်းတစ်ပွင့်ဖြစ်အောင်နေလ...
စဉ်းစားတတ်လာပြီ
- Get link
- X
- Other Apps
"စဉ်းစားတတ်လာပြီ'' ♦♦♦♦♦♦ #အသက်ကြီးလို့လူကြီးဖြစ်တာထက်အသိကြီးလို့လူကြီးဖြစ်တာပိုသဘောကျတယ် အရင်တုန်းက တစ်ခုခုဒေါသထွက်ရင် ချက်ချင်းမစဉ်းစားပဲ ပြန်ပြော ပြန်လုပ်တက်ပေမဲ့ အခုတော့ နှုတ်ဝရောက်နေတဲ့ စကားလုံးအချို့နဲ့ ပေါက်ထွက်တော့မယ့် ဒေါသတွေကို အချိန်မီ ပြန်မျိုချတက်လာတယ်... အရင်တုန်းကတော့ သူများဝေဖန်ရင် အိပ်ရေးပျက်တဲ့အထိ ခံစားတက်ပေမယ့် အခုတော့ တစ်ဖက်နားကဝင်ပြီး အခြားတစ်ဖက်က ပြန်ထွက်သွားတယ်... အရင်တုန်းက လူတစ်ယောက်ကို လွယ်လွယ်ကူကူ ယုံကြည်တက်ပေမယ့် အခုတော့ အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ကြည့်ပြီးမှ ယုံတက်လာတယ်... အရင်တုန်းကတော့ ချစ်ရင် ချစ်တယ် မုန်းရင် မုန်းတယ် နေလို့ရခဲ့ပေမယ့် အခုတော့ မုန်းတဲ့လူကို ပြုံးပြပြီး ချစ်တဲ့လူကို ဥပေက္ခာပြုတဲ့ အလေ့အကျင့်တွေလည်း ပိုင်ဆိုင်လာတယ်... အမှန်တိုင်းပြောရရင် ငယ်စဉ်က စိတ်ထဲရှိသလို နေရတဲ့ဘဝလေးကို သတိရတယ်... ဒါပေမယ့် ရောမ ရောက်ရင် ရောမလို ကျင့်ရတယ်ဆိုတဲ့ စကားပုံအတိုင်း အသက်အရွယ်နဲ့အတူ ပြောင်းလဲလာရတယ်... အမှားတစ်ခုစီက သင်ခန်းစာတွေ ပေးခဲ့တယ် တစ်ချို့အမှားတွေက ပြင်းထန်လွန်းလို့ ...
အလုပ်မရှိရင်စာဖတ်ပါ
- Get link
- X
- Other Apps
ရည်းစားမရှိရင် စာဖတ်ပါ၊📚 အလုပ်မရှိရင် စာဖတ်ပါ၊ အထီးကျန်နေရင် စာဖတ်ပါ၊ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ်၊ ချစ်တတ်လာပါလိမ့်မယ် ❤️📕 📕 စိတ်ဓာတ်တွေ ပြိုလဲတဲ့အခါ ကိုယ်တိုင်ပြန်ထူမတ်နိုင်ဖို့၊စာဖတ်ပါ။ လူတွေရဲ့ပြောင်းလဲတတ်တဲ့ စိတ်ကို ခံနိုင်ရည်ရှိဖို့၊ စာဖတ်ပါ။ ပတ်ဝန်းကျင်ကို မကြောက်ဘဲ ရင်ဆိုင်တတ်ဖို့ စာဖတ်ပါ။ စိတ်တွေညစ်ထွေးလာတဲ့အခါ စိတ်ကိုကြည်လင်သန့်ရှင်းဖို့၊စာဖတ်ပါ။ ဒေါသထွက်လာတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်ထိန်းချူပ်နိုင်ဖို့ စာဖတ်ပါ။ အိမ်မက်တွေကို အကောင်အထည် ဖော်ဖို့ စာအုပ်တွေကလမ်းပြပေးနိုင်တာမို့ စာဖတ်ပါ။ ကြုံလာသမျှ လောကဓံ ကို အကောင်းဆုံးရင်ဆိုင်တတ်ဖို့ စာဖတ်ပါ။ ကိုယ့်ကိုယ်ကို ပြန်ရှာမတွေ့တော့တဲ့အခါ စာဖတ်ပါ။ ဘယ်ကနေပဲ ဖတ်ဖတ် နှလုံးသားလှပြီး စိတ်ခွန်အားရှိဖို့ တစ်နေ့. (၁၅)မိနစ် စာဖတ်ပါ။ သင့်ကိုယ်သင် ပြောင်းလဲဖို့ စာဖတ်ပါ။ မပြောခင်မှာ နားထောင်ပါ။ ဆုမတောင်းခင်မှာ ယုံကြည်ပါ။ ပိုက်ဆံ မသုံးခင်မှာ ဝင်ငွေရှာပါ။ တစ်ခုခုမရေးခင်မှာ စဉ်းစားပါ။ အရူံးမပေးခင်မှာ ကြိုးစားပါ။ အသက်မသေခင်မှာ ရှင်သန်နေထိုင်ပါ။ 💜စာပေမြတ်နိုးသူအားလုံကို ချစ်ခင်လေးစာလျက် 💜
ကျွန်ေတာ် ထားခဲ့တာမှ မဟုတ်တာ $$$$ ကျွန်ေတာ်နေခဲ့လုိက်တာပါ$$$$
- Get link
- X
- Other Apps
ပြုံးလိုက်စမ်းပါသူငယ်ချင်း
- Get link
- X
- Other Apps
ပြုံးလိုက်စမ်းပါ သူငယ်ချင်း နာကျင်မူတွေမရှိလို့ ပြုံးပျော်နေတာ မဟုတ်ဘူး။ နာကျင်စရာတွေကို မပေါ်အောင် အပြုံးလေးနဲ့ ဖုံးကွယ်လိုက်တာပါ။ စိတ်ညစ်စရာတွေ မရှိလို့တော့ မဟုတ်ဘူး။ ကိုယ့်စိတ်ညစ်မှုတွေကို တခြားသူတွေကို မကူးစက်ချင်လို့ အပြုံးလေးနဲ့ ဖုံးကွယ်လိုက်တာပါ။ စိတ်ချမ်းသာမှုတွေ ပြည့်နေလို့ ပြုံးနေတတ်တာတော့ မဟုတ်ဘူး။ ကိုယ့်အပြုံးကြောင့် တစ်ခြားသူတွေ စိတ်ချမ်းသာပါစေဆိုတဲ့ ကုသိုလ်စိတ်နဲ့ ပြုံးနေတတ်တာပါ။ ပျော်ရွှင်စရာတွေနဲ့ အမြဲကြုံတွေ့နေရလို့ ပြုံးပျော်နေတာတော့မဟုတ်ဘူး။ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ကြည့်ပြီး တစ်ခြားသူတွေ စိတ်ချမ်းသာပါစေဆိုတဲ့ အတွေးနဲ့ ဟန်ဆောင်ပြီးတော့လည်း ပြုံးနေတတ်တာပါ။ တစ်ခါတလေ အပြုံးဆိုတာ အောင်မြင်ခြင်းရဲ့လမ်းစဖြစ်သလို ချစ်ခင်ကြင်နာမှုရဲ့ မာန်တိုင်သဖွယ်လည်း ဖြစ်နေတတ်တယ်။ နာကျင်ရချိန်မှာ ပြုံးနေတတ်ရင်တော့ ရင့်ကျက်မှုရဲ့သဏ္ဍာန်ပေါ့။ ဒါကြောင့် ပြုံးလိုက်စမ်း သူငယ်ချင်း အပြုံးတိုင်းဟာ မင်းအတွက် စိတ်မချမ်းသာမှုမရှိရင်တောင် တခြားသူတွေက မင်းကိုကြည့်ပြီး စိတ်ချမ်းသာသွားရင် မင်းအတွက် ကုသိုလ်တစ်မျိုးပါပဲ။ ပြုံးလိုက်စမ်းပါ နာကျင်လို့ပဲပြုံးပြုံး၊ ဟန်ဆောင်ပြီးတော့ပဲ ပြုံ...