စဉ်းစားတတ်လာပြီ
"စဉ်းစားတတ်လာပြီ''
♦♦♦♦♦♦
#အသက်ကြီးလို့လူကြီးဖြစ်တာထက်အသိကြီးလို့လူကြီးဖြစ်တာပိုသဘောကျတယ်
အရင်တုန်းက တစ်ခုခုဒေါသထွက်ရင်
ချက်ချင်းမစဉ်းစားပဲ ပြန်ပြော ပြန်လုပ်တက်ပေမဲ့
အခုတော့ နှုတ်ဝရောက်နေတဲ့ စကားလုံးအချို့နဲ့
ပေါက်ထွက်တော့မယ့် ဒေါသတွေကို
အချိန်မီ ပြန်မျိုချတက်လာတယ်...
အရင်တုန်းကတော့ သူများဝေဖန်ရင်
အိပ်ရေးပျက်တဲ့အထိ ခံစားတက်ပေမယ့်
အခုတော့ တစ်ဖက်နားကဝင်ပြီး အခြားတစ်ဖက်က
ပြန်ထွက်သွားတယ်...
အရင်တုန်းက လူတစ်ယောက်ကို
လွယ်လွယ်ကူကူ ယုံကြည်တက်ပေမယ့် အခုတော့
အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ကြည့်ပြီးမှ
ယုံတက်လာတယ်...
အရင်တုန်းကတော့ ချစ်ရင် ချစ်တယ်
မုန်းရင် မုန်းတယ် နေလို့ရခဲ့ပေမယ့် အခုတော့
မုန်းတဲ့လူကို ပြုံးပြပြီး ချစ်တဲ့လူကို ဥပေက္ခာပြုတဲ့
အလေ့အကျင့်တွေလည်း ပိုင်ဆိုင်လာတယ်...
အမှန်တိုင်းပြောရရင် ငယ်စဉ်က စိတ်ထဲရှိသလို
နေရတဲ့ဘဝလေးကို သတိရတယ်...
ဒါပေမယ့် ရောမ ရောက်ရင် ရောမလို ကျင့်ရတယ်ဆိုတဲ့ စကားပုံအတိုင်း အသက်အရွယ်နဲ့အတူ
ပြောင်းလဲလာရတယ်...
အမှားတစ်ခုစီက သင်ခန်းစာတွေ ပေးခဲ့တယ်
တစ်ချို့အမှားတွေက ပြင်းထန်လွန်းလို့
အမာရွတ်တွေ ကျန်ခဲ့တယ်...
ဒါပေမယ့် အဲ့ဒီအမာရွတ်တွေကို
ဆုတံဆိပ်တွေအဖြစ် ဂုဏ်ယူစွာ တပ်ဆင်ထားတယ်...
ခက်ခက်ခဲခဲနဲ့ တိုက်ခိုက်ခဲ့ပြီး
ဒီအခြေနေထိရောက်လာတယ် ဆိုတာကို
ဖော်ပြနေတဲ့ အမှတ်အသားတွေမို့ တန်ဖိုးထားတယ်...
အသက်ကြီးလို့ လူကြီးဖြစ်နေတာထက်
အသိကြီးလို့ လူကြီးဖြစ်တာကို ပိုသဘောကျတယ်...
ပိုပြီးမြတ်နိုးတယ် ပိုပြီးတန်ဖိုးထားတယ်...
______________________________
#creditမူရင်းစာရေးသူ
Comments
Post a Comment