အလုပ်မရှိရင်စာဖတ်ပါ
ရည်းစားမရှိရင် စာဖတ်ပါ၊📚
အလုပ်မရှိရင် စာဖတ်ပါ၊
အထီးကျန်နေရင် စာဖတ်ပါ၊
အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ်၊
ချစ်တတ်လာပါလိမ့်မယ် ❤️📕
📕
စိတ်ဓာတ်တွေ ပြိုလဲတဲ့အခါ
ကိုယ်တိုင်ပြန်ထူမတ်နိုင်ဖို့၊စာဖတ်ပါ။
လူတွေရဲ့ပြောင်းလဲတတ်တဲ့ စိတ်ကို ခံနိုင်ရည်ရှိဖို့၊ စာဖတ်ပါ။
ပတ်ဝန်းကျင်ကို မကြောက်ဘဲ ရင်ဆိုင်တတ်ဖို့ စာဖတ်ပါ။
စိတ်တွေညစ်ထွေးလာတဲ့အခါ စိတ်ကိုကြည်လင်သန့်ရှင်းဖို့၊စာဖတ်ပါ။
ဒေါသထွက်လာတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်ထိန်းချူပ်နိုင်ဖို့ စာဖတ်ပါ။
အိမ်မက်တွေကို အကောင်အထည် ဖော်ဖို့ စာအုပ်တွေကလမ်းပြပေးနိုင်တာမို့ စာဖတ်ပါ။
ကြုံလာသမျှ လောကဓံ ကို အကောင်းဆုံးရင်ဆိုင်တတ်ဖို့ စာဖတ်ပါ။
ကိုယ့်ကိုယ်ကို ပြန်ရှာမတွေ့တော့တဲ့အခါ စာဖတ်ပါ။
ဘယ်ကနေပဲ ဖတ်ဖတ် နှလုံးသားလှပြီး စိတ်ခွန်အားရှိဖို့ တစ်နေ့. (၁၅)မိနစ် စာဖတ်ပါ။
သင့်ကိုယ်သင် ပြောင်းလဲဖို့ စာဖတ်ပါ။
မပြောခင်မှာ နားထောင်ပါ။
ဆုမတောင်းခင်မှာ ယုံကြည်ပါ။
ပိုက်ဆံ မသုံးခင်မှာ ဝင်ငွေရှာပါ။
တစ်ခုခုမရေးခင်မှာ စဉ်းစားပါ။
အရူံးမပေးခင်မှာ ကြိုးစားပါ။
အသက်မသေခင်မှာ ရှင်သန်နေထိုင်ပါ။
💜စာပေမြတ်နိုးသူအားလုံကို ချစ်ခင်လေးစာလျက် 💜
Comments
Post a Comment