လိုရာခရီး ဆက်လျှောက်ရမာဘဲ
#ဒဏ်ရာတွေများတဲ့
နှလုံးသားကပိုသန်မာပါတယ်
ပန်းချင်းတူပေမယ့်
ရှင်သန်ပုံခြင်းမတူတဲ့အခါ
သဘာဝရဲ့ဒဏ်ကို ခံနိုင်ရည်ရှိခြင်း၊
မရှိခြင်းက
ကွာသွားတာပါပဲ။
#အမြင့်ရောက်တာချင်း #တူရင်တောင်
အောက်ခြေက တက်လာတာနဲ့
အမြင့်ကို တန်းရောက်သွားတာမတူဘူး
ကျသွားတဲ့အခါ အောက်ခြေက
စတက်ခဲ့တဲ့လူက ခံနိုင်ရည်တွေ
ပိုရှိကြတယ်။
#ဒီလိုပါပဲ #ဘဝမှာ
ကိုယ့်ရှိတာလေးနဲ့ အဆင်ပြေနေဖို့
နေတတ်အောင် နေဖို့က
အဓိက ကျတယ်။
#မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး
မဖြစ်လာသေးတာပဲရှိတာပါ
လမ်းတောက်လျှောက်ကတော့ အကောင်းတွေချည်း ဘယ်လာမလဲ လောကဓံက( ၈)ပါးရှိတာပါ
အဆိုးနဲ့အကောင်းကတော့
ဒွန်တွဲနေမှာပဲလေ
ခံနိုင်ရည် ရှိ အောင်တော့
ကြိုးစားနေထိုင်တတ်ရမှတာပေါ့။
#လူ့ပတ်ဝန်းကျင်ရဲ့
#ရိုက်ခတ်မှုတွေကြောင့်ပဲ
ဘဝကြီးက ဘယ်လောက်ဆိုးဆိုး
အပြုံးနဲ့တုံ့ပြန်ပြီး
ကျနေတဲ့စိတ်ဓာတ်တွေကို
အကြိမ်ကြိမ် အခါခါကောက်ရင်း
ပိုသန်မာပြလိုက်ပါ။
#အိမ်မှာ
#အလှပျိုးတဲ့ပန်းကလေးမဟုတ်တော့
လောကဓံကို ကြံ့ကြံ့ခံနိုင်ရည်ရှိဖို့တော့လိုတာပေါ့
ကိုယ်တိုင်ပျိုး ကိုယ်တိုင်ရေလောင်းပေါင်းသင်းပြီး ကိုယ်တိုင်အလှဆုံးပန်းတစ်ပွင့်ဖြစ်အောင်နေလိုက် ပါ။
#တစ်ကယ်တော့
#ဒဏ်ရာတွေ ကပဲ ကိုယ့်ကို
ပိုရင့်ကျက်စေခဲ့တာပါ
#zawoo
crd.
Comments
Post a Comment