Posts

Showing posts from March, 2022

လိုရာခရီး ဆက်လျှောက်ရမာဘဲ

Image
 #ဒဏ်ရာတွေများတဲ့  နှလုံးသားကပိုသန်မာပါတယ် ပန်းချင်းတူပေမယ့်  ရှင်သန်ပုံခြင်းမတူတဲ့အခါ သဘာဝရဲ့ဒဏ်ကို ခံနိုင်ရည်ရှိခြင်း၊ မရှိခြင်းက ကွာသွားတာပါပဲ။ #အမြင့်ရောက်တာချင်း #တူရင်တောင် အောက်ခြေက တက်လာတာနဲ့ အမြင့်ကို တန်းရောက်သွားတာမတူဘူး ကျသွားတဲ့အခါ အောက်ခြေက စတက်ခဲ့တဲ့လူက ခံနိုင်ရည်တွေ  ပိုရှိကြတယ်။ #ဒီလိုပါပဲ #ဘဝမှာ ကိုယ့်ရှိတာလေးနဲ့ အဆင်ပြေနေဖို့ နေတတ်အောင် နေဖို့က  အဓိက ကျတယ်။  #မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး မဖြစ်လာသေးတာပဲရှိတာပါ လမ်းတောက်လျှောက်ကတော့ အကောင်းတွေချည်း ဘယ်လာမလဲ လောကဓံက( ၈)ပါးရှိတာပါ အဆိုးနဲ့အကောင်းကတော့ ဒွန်တွဲနေမှာပဲလေ ခံနိုင်ရည် ရှိ အောင်တော့   ကြိုးစားနေထိုင်တတ်ရမှတာပေါ့။ #လူ့ပတ်ဝန်းကျင်ရဲ့ #ရိုက်ခတ်မှုတွေကြောင့်ပဲ  ဘဝကြီးက ဘယ်လောက်ဆိုးဆိုး  အပြုံးနဲ့တုံ့ပြန်ပြီး  ကျနေတဲ့စိတ်ဓာတ်တွေကို  အကြိမ်ကြိမ် အခါခါကောက်ရင်း ပိုသန်မာပြလိုက်ပါ။ #အိမ်မှာ  #အလှပျိုးတဲ့ပန်းကလေးမဟုတ်တော့ လောကဓံကို ကြံ့ကြံ့ခံနိုင်ရည်ရှိဖို့တော့လိုတာပေါ့ ကိုယ်တိုင်ပျိုး ကိုယ်တိုင်ရေလောင်းပေါင်းသင်းပြီး ကိုယ်တိုင်အလှဆုံးပန်းတစ်ပွင့်ဖြစ်အောင်နေလ...

စဉ်းစားတတ်လာပြီ

Image
 "စဉ်းစားတတ်လာပြီ'' ♦♦♦♦♦♦ #အသက်ကြီးလို့လူကြီးဖြစ်တာထက်အသိကြီးလို့လူကြီးဖြစ်တာပိုသဘောကျတယ် အရင်တုန်းက တစ်ခုခုဒေါသထွက်ရင်  ချက်ချင်းမစဉ်းစားပဲ ပြန်ပြော ပြန်လုပ်တက်ပေမဲ့ အခုတော့ နှုတ်ဝရောက်နေတဲ့ စကားလုံးအချို့နဲ့  ပေါက်ထွက်တော့မယ့် ဒေါသတွေကို  အချိန်မီ ပြန်မျိုချတက်လာတယ်... အရင်တုန်းကတော့ သူများဝေဖန်ရင်  အိပ်ရေးပျက်တဲ့အထိ ခံစားတက်ပေမယ့်  အခုတော့ တစ်ဖက်နားကဝင်ပြီး အခြားတစ်ဖက်က  ပြန်ထွက်သွားတယ်... အရင်တုန်းက လူတစ်ယောက်ကို  လွယ်လွယ်ကူကူ ယုံကြည်တက်ပေမယ့် အခုတော့ အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ကြည့်ပြီးမှ  ယုံတက်လာတယ်... အရင်တုန်းကတော့ ချစ်ရင် ချစ်တယ်  မုန်းရင် မုန်းတယ် နေလို့ရခဲ့ပေမယ့် အခုတော့ မုန်းတဲ့လူကို ပြုံးပြပြီး ချစ်တဲ့လူကို ဥပေက္ခာပြုတဲ့  အလေ့အကျင့်တွေလည်း ပိုင်ဆိုင်လာတယ်... အမှန်တိုင်းပြောရရင် ငယ်စဉ်က စိတ်ထဲရှိသလို  နေရတဲ့ဘဝလေးကို သတိရတယ်... ဒါပေမယ့် ရောမ ရောက်ရင် ရောမလို ကျင့်ရတယ်ဆိုတဲ့ စကားပုံအတိုင်း အသက်အရွယ်နဲ့အတူ  ပြောင်းလဲလာရတယ်... အမှားတစ်ခုစီက သင်ခန်းစာတွေ ပေးခဲ့တယ်  တစ်ချို့အမှားတွေက ပြင်းထန်လွန်းလို့ ...

အလုပ်မရှိရင်စာဖတ်ပါ

Image
 ရည်းစားမရှိရင် စာဖတ်ပါ၊📚 အလုပ်မရှိရင် စာဖတ်ပါ၊ အထီးကျန်နေရင် စာဖတ်ပါ၊ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ်၊ ချစ်တတ်လာပါလိမ့်မယ် ❤️📕 📕 စိတ်ဓာတ်တွေ ပြိုလဲတဲ့အခါ  ကိုယ်တိုင်ပြန်ထူမတ်နိုင်ဖို့၊စာဖတ်ပါ။ လူတွေရဲ့ပြောင်းလဲတတ်တဲ့ စိတ်ကို ခံနိုင်ရည်ရှိဖို့၊ စာဖတ်ပါ။ ပတ်ဝန်းကျင်ကို မကြောက်ဘဲ ရင်ဆိုင်တတ်ဖို့ စာဖတ်ပါ။ စိတ်တွေညစ်ထွေးလာတဲ့အခါ စိတ်ကိုကြည်လင်သန့်ရှင်းဖို့၊စာဖတ်ပါ။ ဒေါသထွက်လာတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်ထိန်းချူပ်နိုင်ဖို့ စာဖတ်ပါ။ အိမ်မက်တွေကို အကောင်အထည် ဖော်ဖို့ စာအုပ်တွေကလမ်းပြပေးနိုင်တာမို့ စာဖတ်ပါ။ ကြုံလာသမျှ လောကဓံ ကို အကောင်းဆုံးရင်ဆိုင်တတ်ဖို့ စာဖတ်ပါ။ ကိုယ့်ကိုယ်ကို ပြန်ရှာမတွေ့တော့တဲ့အခါ စာဖတ်ပါ။ ဘယ်ကနေပဲ ဖတ်ဖတ် နှလုံးသားလှပြီး စိတ်ခွန်အားရှိဖို့ တစ်နေ့. (၁၅)မိနစ် စာဖတ်ပါ။ သင့်ကိုယ်သင် ပြောင်းလဲဖို့ စာဖတ်ပါ။ မပြောခင်မှာ နားထောင်ပါ။ ဆုမတောင်းခင်မှာ ယုံကြည်ပါ။ ပိုက်ဆံ မသုံးခင်မှာ ဝင်ငွေရှာပါ။ တစ်ခုခုမရေးခင်မှာ စဉ်းစားပါ။ အရူံးမပေးခင်မှာ ကြိုးစားပါ။ အသက်မသေခင်မှာ ရှင်သန်နေထိုင်ပါ။         💜စာပေမြတ်နိုးသူအားလုံကို ချစ်ခင်လေးစာလျက် 💜

ကျွန်ေတာ် ထားခဲ့တာမှ မဟုတ်တာ $$$$ ကျွန်ေတာ်နေခဲ့လုိက်တာပါ$$$$

Image
 ရင်ထဲမှာ ထည့်သိမ်းထားသူရဲ့ မြတ်နုိးမုှဟာ ပခုံးပေါ် တင်ပြီး ထမ်းပြနေသူတေွလောက် နေရာမရဘူး $$$

ပြုံးလိုက်စမ်းပါသူငယ်ချင်း

 ပြုံးလိုက်စမ်းပါ သူငယ်ချင်း နာကျင်မူတွေမရှိလို့ ပြုံးပျော်နေတာ မဟုတ်ဘူး။ နာကျင်စရာတွေကို မပေါ်အောင် အပြုံးလေးနဲ့ ဖုံးကွယ်လိုက်တာပါ။ စိတ်ညစ်စရာတွေ မရှိလို့တော့ မဟုတ်ဘူး။ ကိုယ့်စိတ်ညစ်မှုတွေကို တခြားသူတွေကို  မကူးစက်ချင်လို့ အပြုံးလေးနဲ့ ဖုံးကွယ်လိုက်တာပါ။ စိတ်ချမ်းသာမှုတွေ ပြည့်နေလို့ ပြုံးနေတတ်တာတော့ မဟုတ်ဘူး။ ကိုယ့်အပြုံးကြောင့် တစ်ခြားသူတွေ စိတ်ချမ်းသာပါစေဆိုတဲ့ ကုသိုလ်စိတ်နဲ့ ပြုံးနေတတ်တာပါ။ ပျော်ရွှင်စရာတွေနဲ့ အမြဲကြုံတွေ့နေရလို့ ပြုံးပျော်နေတာတော့မဟုတ်ဘူး။ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ကြည့်ပြီး တစ်ခြားသူတွေ စိတ်ချမ်းသာပါစေဆိုတဲ့ အတွေးနဲ့ ဟန်ဆောင်ပြီးတော့လည်း ပြုံးနေတတ်တာပါ။   တစ်ခါတလေ အပြုံးဆိုတာ အောင်မြင်ခြင်းရဲ့လမ်းစဖြစ်သလို ချစ်ခင်ကြင်နာမှုရဲ့ မာန်တိုင်သဖွယ်လည်း ဖြစ်နေတတ်တယ်။ နာကျင်ရချိန်မှာ ပြုံးနေတတ်ရင်တော့ ရင့်ကျက်မှုရဲ့သဏ္ဍာန်ပေါ့။ ဒါကြောင့် ပြုံးလိုက်စမ်း သူငယ်ချင်း အပြုံးတိုင်းဟာ မင်းအတွက် စိတ်မချမ်းသာမှုမရှိရင်တောင် တခြားသူတွေက ​မင်းကိုကြည့်ပြီး စိတ်ချမ်းသာသွားရင်  မင်းအတွက် ကုသိုလ်တစ်မျိုးပါပဲ။ ပြုံးလိုက်စမ်းပါ နာကျင်လို့ပဲပြုံးပြုံး၊ ဟန်ဆောင်ပြီးတော့ပဲ ပြုံ...

ဥ​ရောပသာမဟုတ်ဘဲ ကမ္ဘာကြီးပါ ကပ်​ဘေးဆိုက်သွားမယ်

Image
 " ဥ ရော ပ သာ မ ဟုတ် ဘူး က မ္ဘာ ကြီး ပါ ကပ် ဘေး ဆိုက် သွား မယ် "  ( Zawgi version )  ဒီ စ ကား ကို ရု ရှား သ မ္မ တ ပူ တင် က ရု ရှား လေ ကြောင်း လိုင်း Aeroflot က လေ ယာဉ် ဝန် ထမ်း တွေ နဲ့ တွေ့ ဆုံ စဉ် မှာ ဝန် ထမ်း တွေ ကို ပြော ရင်း က မ္ဘာ ကြီး ကို စ နေ နေ့ က သ တင်း ပေး လိုက် တာ ။  ယူ က ရိန်း မှာ No flying zone လုပ် ရင် သူ ပြန် တုန့် ပြန် မယ့် ကိ စ္စ ကို ကြို သ တိ ပေး လိုက် တာ ။  ယူ က ရိန်း လက် ရှိ သွား နေ တဲ့ လမ်း ကြောင်း အ တိုင်း ဆက် သွား နေ ရင် ယူ က ရိန်း နိုင် ငံ ဖြစ် တည် မှု ဟာ အ န္တ ရယ် ရှိ တယ် လို့ လည်း ဆက် ပြော လိုက် တယ် ။  ယူ က ရိန်း အ ရေး ကို ကြည့် ရင် ပူ တင် က ယူ က ရိန်း ကို ကြား နေ ဖို့ စ ပြော တယ် ။ ဒီ က နေ နေ တိုး အ ဖွဲ့ ကို ယူ က ရိန်း ကို အ ဖွဲ့ ဝင် အ ဖြစ် လက် မ ခံ ဖို့ တောင်း ဆို တယ် ။ မ ရ တော့ ခ ရိုင်း မီး ယား ကို သိမ်း တယ် ။ ဒီ က တ ဆင့် ထပ် ပြီး နေ တိုး ရဲ့ အ ရှေ့ ဖက် ကို တိုး ချဲ့ မ လာ ဘူး ဆို တဲ့ က တိ ကို လိုက် နာ ဖို့ တောင်း ဆို ပြီး ရု ရှား ရဲ့ တံ ခါး ဝ မှာ လက် နက် တွေ လာ ချ မှာ လက် မ ခံ နိုင် ဘူး ရု ရှား တို့ မှာ နောက် ဆုတ် စ ရာ နေ ရာ မ ရှိ တော့...

မတူညီတဲ့မိန်းမ

Image
  မတူညီတဲ့မိန်းမ ✔︎ ✔︎ ✔︎ ✔︎ ✔︎ ✔︎ ✔︎ ✔︎ အချို့ မိန်းမတွေဟာ ရုပ်လှဖို့ကိုသာ ဦးစားပေးကြလေ့ရှိပြီး အချို့ မိန်းမတွေကတော့ ဘဝမှာ အသုံးကျအောင်မြင်ဖို့အတွက် ကြိုးစားနေကြတယ်။ အချို့ မိန်းမတွေဟာ ဆိုရှယ်မီဒီယာ ပေါ်မှာ အရည်မရ အဖတ်မရ တန်ဖိုးမရှိတဲ့ လုပ်ရပ်တွေအကြားမှာ ပျော်မွေ့နေပေမယ့် အချို့ မိန်းမတွေကတော့ ဗဟုသုတနဲ့ အကျိုးပြုစာတွေကို ဖတ်ရှု့ပြီး ပြုပြင်နေကြတယ်။ အချို့ မိန်းမတွေဟာ တစိမ်းယောက်ျားတစ်ယောက်ယောက် သူ့အပေါ် စိတ်ဝင်စားစေဖို့အတွက် မူယာမာယာတွေနဲ့ အားနွဲ့ပြနေချိန်မှာ အချို့ မိန်းမတွေက ယောက်ျားတွေနဲ့ တန်းတူ ရင်ဘောင်တန်းနိုင်ဖို့ သတ္တိရှိရှိ ခြေလှမ်းမှန်မှန်တက်နေကြတယ်။ အချို့ မိန်းမတွေက ငွေကို ကိုယ်ပိုင်အရည်အချင်းနဲ့ မရှာဖွေနိုင်ပေမယ့် ရှိနေတဲ့ ငွေကြေး မိဘ လက်ငုပ်လက်ရင်းတွေ နဲ့ ကြွားဝါ သုံးစွဲနေတတ်ကြချိန်မှာ အချို့ မိန်းမတွေက ကိုယ်တိုင် သမာအာဇီဝအလုပ်နဲ့ လုပ်ကိုင်ပြီး ကိုယ်ပိုင်ဝင်ငွေနဲ့ မိဘကို ထောက်ပံ့ဖို့ မိသားစုအတွက် တစ်ဖက်တစ်လမ်းက အလုပ်ကြိုးစားပြီး ကိုယ်ပိုင်ဝင်ငွေ ရှာနေကြတယ်။ အချို့မိန်းမတွေက ဘဝကို ပေါ့ပျက်ပျက်နဲ့ ထူထောင်နေပြီး ကိုယ့်ထူထောင်ပြီးသား ဘ...

Language

Image
 Language  The official language is Myanmar. English is widely spoken and under stood.

Culture

Image
 Culture Myanmar lives between two great civilizations India and China , but she has developed her own distinctive culture. Buddhism has a great influence on the daily lives of the Myanmar people .The people have preserved the traditions of close family ties, respect for elders and simple natives dress hospitality is legendary.

Religion of Myanmar

Image
 Religion Predominantly a Buddhist country with more than 80% of the people embraces Theravada Buddhism. There are also Christians, Muslims, Hindus and some animists.

The people of Myanmar

Image
 The People  Myanmar is a union of over about 135 nationalities with their own dialects and traditions. The major races are the Bamar ,the Kachin, the Kayah, the Kayin ,the Chin , the Mon, the Rakine and the Shan. The  name Myanmar embraces all the nationalities . The population of Myanmar is about over 62 million and the Bamar is the majority race with making up about 70 percent.

Climate of Myanmar

Image
 Climate Generally Myanmar has three seasons. The monsoon or rainy season  is from May to October ,the cool or dry season from November  to February, and the hot season from March to May. As the country is a large and diverse with many mountainous regions and forests .Temperatures vary from region to another .Weather is generally temperate and cool in the north and northeastern parts .During the rainy season , lower Myanmar and coastal areas enjoy heavy rains showers but it is dry and pleasant in central regions . Myanmar is a year round tourist destination.

The Land

Image
 The land  Myanmar ,known as  Suvanna  Bhumi (the Golden Earth ) in the olden days for its fertile land and rich natural resources ,is the largest country in the south -east of Asia. Peninsula borders with Bangladesh ,India ,China ,Laos and Thailand .With a total land area of 676,577sq.km,it is about the size of Texas, the sizes of United kingdom and France combined .The country stretches over 2090km from north to south and over 925km from east to west. It has a 2832 km long coastline on the Indian Ocean. Over 50 percent of the total land  area is covered with forests.

နိုင်ငံခြားသွားပါ

Image
 နိုင်ငံခြားသွားပါ...။ 1. နိုင်ငံခြားသွားပါ ဒေါသကို စီမံခန့်ခွဲတတ်လာမယ်, 2. မိတ်ဆွေနဲ့ ရန်သူကို ခွဲခြားတတ်လာမယ်, 3. ကိုယ့်မြေကိုယ့်ရေကို တွယ်တာတတ်လာမယ်, 4. ပညာရဲ့ အရေးပါမှုကို ပိုသိလာမယ်, 5. ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့ သဘောပေါက်လာမယ်, 6. မတူကွဲပြားမှုတွေကို လက်ခံနိုင်လာမယ်, 7. နိုင်ငံကြီးသားစိတ်ဓာတ်ဆိုတဲ့ စကားလုံးကို နားလည်လာမယ်,   8. အချိန်ကိုလေးစားတတ်လာမယ်, 9. ကိုယ့်အားကိုယ်ကိုး တတ်လာမယ်, 10. ကိုယ့်ကိုယ်ကို ယုံကြည့်မှု ပိုရှိလာမယ်, 11. ပတ်ဝန်းကျင် လေ့လာမှုအားပိုကောင်းလာမယ်, 12. အထီးကျန်ခြင်းကို ခံနိုင်ရည်ရှိလာမယ်, 13. မြန်မာယဉ်ကျေးမှုကို ပိုတန်ဖိုးထားတတ်လာမယ်, 14. မြန်မာအစားအစာတွေ ပိုခံတွင်းတွေ့လာမယ်, 15. သည်းခံခြင်းတရား ကြီးမားလာမယ်, 16. ဒေါသကို စီမံခန့်ခွဲတတ်လာမယ် 17 ပတ်ဝန်းကျင်ကို ရှုမြင်ပုံ ကွဲပြားလာပါလိမ့်မယ်, 18. အရေးမကြီးတာ နဲ့ အရေးကြီးတာ ခွဲခြားတတ်လာလိမ့်မယ်, 19. အချိန်ကို စီမံခန့်ခွဲတတ်လာမယ်, 20. လုပ်အားတန်ဖိုး ချစ်မြတ်နိုးနိုင်းလာလိမ့်မယ်, 21. အစားအစာကို ခြိုးခြံခြွေတာတတ်လာမယ်, 22. ငွေကို တန်ဖိုးထားတတ်လာမယ်, 23 နိုင်ငံခြားသွားပါ ကိုယ့်နိုင်ငံ ရဲ့ မတူကွဲပြားနေတာက...

မင်းဖတ်ရတာ တန်ပါတယ်

Image
  "မင်း ဖတ် ရ တာ တန် ပါ တယ်" လူတစ်ချို့ မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်း မင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး။ လူတစ်ချို့ မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်း မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး။ လူတစ်ချို့ မင်းကို အရေးမလုပ်တော့ဘူးဆိုတိုင်း မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး။ တကယ်တော့ မင်းမေတ္တာ မင်းစေတနာ မင်းရဲ့ပေးဆပ်မှု မင်းရဲ့အလေးထားမှုနဲ့ မတန်တဲ့သူတွေရှိသလို အရမ်းချစ်တဲ့ဒဏ်ကို မခံနိုင်တဲ့သူတွေလည်း ရှိတယ်။ လွယ်လွယ်နဲ့ရရင် လူတွေက တန်ဖိုးမထားချင်ကြဘူး ဒါကို မင်းသိရင် နောက်တစ်ခါ ဘယ်အရာကိုမှ အလကားမပေးနဲ့။ စွန့်ပစ်ခံရတယ်ဆိုတိုင်း အမှိုက်မဟုတ်ဘူးဆိုတာ နားလည် တစ်ဖက်က တန်ဖိုးမသိတာလဲ ဖြစ်နိုင်တယ်။ တစ်ခါတလေမှာ ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေ ကိုယ့်ကို အမြဲနာကျင်စေတဲ့သူတွေကို လောကကြီးက သူ့နည်း သူ့ဟန်နဲ့ ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်။ ပြေးလိုက်ရတာ ပင်ပန်းသလို ဆွဲထားရတာလဲ ပင်ပန်းတာပါပဲ အဲတော့ မနေချင်တဲ့သူတွေကို သွားခွင့်ပြုလိုက် နေချင်သူတွေကိုတော့ သူ့သဘောအတိုင်း ရှိပါစေ။ သူတို့ ဆုံးရှုံးသွားတာက ဂရုစိုက် ပေးဆပ်ပြီး ချစ်တတ်တဲ့သူကို မင်း ဆုံးရှုံးရတာက အမြဲ စိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေကို။ ကဲ...ဘယ်သူနာလဲ? မင်း မန...